အွန်လိုင်းငါးပစ်ဂိမ်း

Online Fishing games

မှန်ကန်တဲ့ အွန်လိုင်းငါးပစ်နည်း

အွန်လိုင်းငါးပစ်ဂိမ်း

အွန်လိုင်းငါးပစ်ဂိမ်းကို ဆော့ကစားခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲ မေးလိုပါတယ်။ တချို့ကတော့ တကယ်ပဲ ဆရာကြီးဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် တချို့ကတော့ ဂိမ်းသာဆော့နေတယ် ကိုယ့်အတွက် အနိုင်ရနိုင်ချေ ပိုမိုရရှိလာအောင် ဘယ်လိုလုပ်မလဲဆိုတာလေး မသိဖြစ်နေသေးတဲ့သူလည်းရှိမယ်။ ဒီတစ်ခေါက်ကတော့ online ငါးပစ်ဂိမ်းကိုအနိုင်ရဖို့ ပိုမိုလွယ်ကူစေမယ့် နည်းလမ်းလေး ပြောပြမယ်နော်။
Online Fishing games

အွန်လိုင်းပေါ်မှာ ခေတ်စားနေတဲ့ ငါးပစ်ဂိမ်းကို ဘယ်လိုကစားကျမလဲ?

(၁) ကျည်ဆံကို လိုသလောက်ပဲသုံးပါ။

ကစားသမားတော်တော်များများဖြစ်တတ်တဲ့ အလေ့အထတစ်ခုရှိပါတယ်။ ဘာလဲဆိုရင်တော့ နိုင်ချင်ဇောနဲ့ ငါးတစ်ကောင်လေးသေဖို့အရေး ရှိသမျှ ကျည်တွေကို မြောက်များစွာသုံးပြီး ကျည်ဖြုန်းနေတာမျိုးပေါ့။ တကယ်တမ်းတော့ မိမိအနေနဲ့ ဘယ်လိုငါးက ကျည်ဘယ်လောက်သုံးရမယ်ဆိုတာလေး ခန့်မှန်းပြီး ပစ်သင့်ပါတယ်။ ဥပမာ- အမှတ် (၄)မှတ်ရမယ့် ငါးတစ်ကောင်ကို ကျည်ဆံ ၁၀ ခုလောက်သုံးပြီးပစ်ရင်တော့ ငါးသေဖို့အသေချာပါပဲ။ ဒါပေမယ့် သင်ဘာမေ့နေလဲသိလား။ ဒီလိုဂိမ်းမှာ ကျည်ဆံ ၁ခု၂ခုမျှသုံးရုံဖြင့် သေနိုင်တဲ့ငါးရှိသလို ၆ ချက်ထိပစ်ရတဲ့ငါးမျိုးလဲရှိပါတယ်။ ဒါကြောင့် မိမိကျည်ကို လိုသလောက်ပဲသုံးပါ။ ပစ်လိုရတိုင်း လျှောက်လျှောက်မပစ်ပါနဲ့။ ကျည်ရှုံးတာပဲ အဖတ်တင်ပြီး အရှုံးပေါ်ပါလိမ့်မယ်။

(၂) ကျည်အနည်းနဲ့ ပစ်တိုက်ခြင်း

အခုပြောပြမယ့် နည်းလမ်းလေးကတော့ ကိုယ်ပစ်လိုက်တဲ့ ကျည်ဆံကို ကစားပြီး ငါးကို ချိန်ပစ်တာမျိုးပါ။ သင့်အနေနဲ့ ကျည်ဆံတစ်ချက်ကို နံရံဆီသို့ပစ်လွင့်ရပါမယ်။ ပြီးနောက် မိမိပစ်မယ့် ငါးရဲ့အသွားအလာနဲ့ ကိုယ်ပစ်လိုက်တဲ့ နံရံကကျည်ဆံအလာကို ချိန်ရွယ်ပြီး ငါးအနားရောက်တဲ့အချိန် မျိုးမှာ နောက်ကျည်ဆံတစ်ခုကို ငါးဆီသို့ တိုက်ရိုက်ပစ်လွင့်ပါ။ ဒါဆိုရင် နံရံကနေလာတဲ့ ကျည်ဆံအားနဲ့ နောက်ထပ်ပစ်လိုက်တဲ့ ကျည်ဆံရဲ့အားနှစ်ခုပေါင်းပြီး ငါးကိုထိမှာဆိုတော့ ငါးအနေနဲ့ မခံနိုင်ပါဘူး။ ဒီနည်းလမ်းကတော့ အနည်းငယ်တော့ခက်ပေမယ့် တစ်ကယ်ကို အချိုးအစားညီစွာ ချိန်ရွယ်ပြီး ကျည်ဆံပစ်တတ်မယ်ဆိုရင်တော့ ကျည်ဆံအရေအတွက် နည်းနည်းနဲ့ အမှတ်ကောင်းတဲ့ ငါးတွေကို ပစ်သတ်နိုင်မှာဖြစ်ပါတယ်။

(၃) စိတ်ကို တည်ငြမ်စွာထားပြီး သွက်လက်စွာ ကစားပါ။

ဒီမှာကတော့ အဓိကအားဖြင့် တခြားလူတွေ ပစ်နေကြတဲ့ ငါးကြီး ကိုပဲ အတင်းဇွတ်ကြီး မပစ်လိုက်ပါနဲ့။ ဒါပေမယ့် ကိုယ့်ကစားဖော်ကစားဖက်တွေ ပစ်နေတဲ့ ငါးကြီးကိုပဲ အာရုံထားပစ်ပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ မိမိရဲ့ကျည်ဆံကိုလည်း ခြွေတာရာရောက်ပြီး မိမိအတွက် အမှတ်တွေလည်း ပိုများလာနိုင်တာပေါ့။ ဥပမာ- ၆ချက်ပစ်ရမယ့် ငါးကြီးတစ်ကောင်ကို တခြားကစားမိတ်ဆွေ ၄ယောက်လောက်က တစ်ချက်စီ ပစ်ထားပြီးပြီဆိုရင် မိမိအနေနဲ့ ထိုငါးမသေမီ ကျည်ဆံ ၂ ချက်ပဲ ပစ်ရတော့မှာပါ။ ဆိုတော့ နောက်ဆုံး ၆ကြိမ်မြောက်ဟာ မိမိကျည်ဆံရဲ့ပစ်ချက်ဖြစ်တယ်ဆိုရင် ထိုငါးကြီးသေလို့ရတဲ့ အမှတ်က ကိုယ့်အမှတ်ပဲဖြစ်သွားမှာပါ။ ဒါကြောင့် အာရုံစိုက်ပြီး သွက်လက်စွာတော့ ဆော့ကစားတတ်ပါစေနော်။
Online Fishing games

(၄) ထွက်လာတဲ့ ငါးတွေကို အာရုံစိုက်ပစ်ပါ။

သင့်အနေနဲ့ ဂိမ်းစပြီဆိုတာနဲ့ ငါးတွေထွက်လာတဲ့ အပေါက်ဝကို ဂရုစိုက်ပစ်ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ အရင်ထွက်လာတဲ့ ငါးတွေဟာ သေဖို့ လွယ်ကူတဲ့ ငါးတွေပဲဖြစ်လို့ပါ။ ဆိုတော့ မိမိအနေနဲ့ အခွင့်အရေးရတုန်း လွယ်တဲ့ငါးတွေကို ပစ်ရင်း အမှတ်တွေယူထားရမှပေါ့။ ဟုတ်တယ်မလား။ နောက်တစ်ခုက အကယ်၍ ငါးကြီးတွေ ထွက်လာခဲ့ရင်တော့ အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း နည်းပညာလေးသုံးပြီး ကစားလို့ရပါတယ်။ ဆိုတော့ တခြားသူတွေပစ်ထားတဲ့ ငါးလက်ကျန်ကိုပစ်ရင်း မိမိငါးအဖြစ် ပြောင်းလိုက်ပါ။ ဒါကြောင့်မို့ ငါးတွေထွက်လာမယ့် အပေါက်ဝကို ဂရုစိုက်ပစ်ဖို့လဲ မမေ့နဲ့ဦးနော်။
  • ဒီနေ့ဖော်ပြသွားတဲ့ ဗျူဟာ (၄)ချက်ဟာဆိုလိုရှိရင် မိတ်ဆွေအတွက် တကယ်ကို အကျိုးရှိစေမယ်လို့ မျော်လင့်မိပါတယ်။ ဒါကြောင့်မို့ အခုကစပြီး ငါးပစ်ဂိမ်း ကို ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ နည်းလေးတွေနဲ့ ဆော့ကစားပါတော့နော်…။